Nero Express ဖြင့် အခွေ Burn နည်းကို ပုံလေးတွေနဲ့ ရှင်းပြထားပေးပါတယ်.....
ပထမဦးဆုံး အခွေဘန်းဖို့အတွက် မိမိဘန်းချင်တဲ့ Video Files ကို Fomat Factory ဆော့ဝဲသုံးပြီး
MPEG Fomat ပြောင်းပေးရပါမယ်....
ကဲ.........
Fomat Factory ဆော့ဝဲသုံးပြီး MPEG Fomat ပြောင်းပုံ။
အဆင့်(၁) Fomat Factory ဆော့ဝဲကို ဖွင့်လိုက်ပါ။
အဆင့်(၂) Fomat Factory ဆော့ဝဲထဲမှ Video ကိုနှိတ်ပါ။
အဆင့်(၃) MPG ကိုနှိတ်ပါ။
အဆင့်(၄) Add File ကိုနှိတ်ပါ။
အဆင့်(၅) မိမိ ဘန်းချင်တဲ့ Video တွေကိုဆလပ်မှတ်ပြီး Open ကိုနှိတ်ပါ။
အဆင့်(၆) မိမိ ဘန်းချင်တဲ့ Video တွေရောက်လာရင် Ok ကိုနှိတ်ပါ။
အဆင့်(၇) Title bar မှာ Start ကိုနှိတ်ပါ။
အဆင့်(၈) MPG Fomat ပြောင်းနေပါလိမ့်မယ် ခဏစောင့်ပေးပါ။ အကုန်ပြီးသွားလို့ Complate ဖြစ်သွားရင် Fomat Factory ဆော့ဝဲကို ပိတ်လိုက်ပါ။
အဆင့်(၉) MPG Fomat ပြောင်းထားတဲ့ Video Files တွေကို My computer > Device "C" ထဲက FFoutput ထဲမှာရှိပါတယ် သွားကြည့်လိုက်ပါ။
အဆင့်(၁၀) Mpg Fomat ပြောင်းလိုက်တဲ့ Video Files တွေကို My Computer > Device "C" ထဲကFFoutput ထဲမှာ မတွေ့ပါက Fomat Factory ဆော့ဝဲထဲက Options မှာသွားကြည့်လို့ရပါတယ်။ပြီးတော့ မိမိ ပြောင်းလိုက်တဲ့ Videoတွေကို မိမိသိမ်းချင်တဲ့နေရာကို Change ကိုနှိတ်ပြီး ပြောင်းလို့ရပါတယ်။
ကဲ ....MPG Fomat ပြောင်းလို့တော့ပြီးပြီးနော် နောက်တစ်ဆင့် အခွေဘန်းတာကို ဆက်ရှင်းပြမယ်နော် ...ခိခိ
ပထမဦးဆုံး DVD အခွေလွတ်တစ်ချပ်ကို မိမိကွန်ပျူတာ Device ထဲကို ထည့်လိုက်ပါ။
အဆင့်(၁) Nero Express ဆော့ဝဲကိုဖွင့်လိုက်ပါ။
အဆင့်(၂) Data DVD ကိုနှိတ်ပါ။
အဆင့်(၃) Add ကိုနှိတ်ပါ။
အဆင့်(၄) MPG Fomat ပြောင်းထားတဲ့ Video Files တွေကိုရှာ တွေ့ရင် ဆလပ်မှတ်ပြီး Add ကိုနှိတ်ပါ။
အဆင့်(၅) မိမိ MPG Fomat ပြောင်းထားတဲ့ Video Files တွေ Nero Express ဆော့ဝဲထဲရောက်လာပြီးဆိုရင် အောက်က Next ကိုနှိတ်ပါ။
အဆင့်(၆) verify data on disc after nurning နဲ့ Allow files to be added later နှစ်ခုစလုံးမှာ အမှန်ခြစ်ပေးပြီး Options ကိုနှိတ်ပါ။
အဆင့်(၇) DVD high compatibility မှာ အမှန်ခြစ်တပ် ၊ Automatically adapt write -speed to disc မှာ အမှန်ခြစ်ဖြုတ်ပြီး Ok ကိုနှိတ်ပါ။
အဆင့်(၈) Burn ကိုနှိတ်ပါ။
အဆင့်(၉) အခွေစတင်ကူးနေပါပြီး ခဏစောင့်ပေးပါ။ အခွေစက်ထဲက ထွက်လာရင် DVD အခွေဘန်းတာ အောင်မြင်သွားပါပြီးခင်ဗျာ........
Fomat Factory ဆော့ဝဲပါ
http://filehippo.com/download_format_factory/
Nero Express ဆော့ဝဲပါ
http://www.linthit.com/2015/03/nero-burning-rom-nero-express-2015.html -portable
No comments:
Post a Comment